Privacy Policy

 

TPay အသုံးပြုသူများ လိုက်နာရမည့် စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

HI PAY COMPANY LIMITED ၏  TPay မိုဘိုင်း ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုအား ရယူအသုံးပြုကြမည့် လူပုဂ္ဂိုလ်များအနေဖြင့် အောက်တွင် ဖော်ပြထားသော စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အတိအကျလိုက်နာကြရမည်ဖြစ်သည်။ HI PAY COMPANY LIMITED ၏  TPay Application မှတစ်ဆင့် ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုအား တောင်းခံခြင်း သို့မဟုတ် ယင်းအား အသုံးပြုသူကိုယ်စား အခြားသူတစ်ဦးဦးအား အသုံးပြုစေရန်ခွင့်ပြုခြင်းများသည် အသုံးပြုသူအနေဖြင့် အခါအားလျော်စွာပြောင်းလဲနိုင်သည်ဖြစ်သော ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များကို လက်ခံအသိအမှတ်ပြုခြင်းပင်ဖြစ်သည်။ 

၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

အောက်ဖော်ပြပါ အဓိပ္ပာယ်အသုံးအနှုန်းများသည် ဤစည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ဤနေရာတွင် ရည်ညွှန်းထားသော မည်သည့်စာရွက်စာတမ်းကိုမဆို အသုံးပြုသောအခါတွင် အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုမည်ဖြစ်သည်-

၁၊၁၊၊ “Account” ဆိုသည်မှာ အသုံးပြုသူများအား ဘဏ်တွင် ငွေသားများ သိမ်းဆည်းထားရှိနိုင်စေရန် ဘဏ်နှင့်ပြုလုပ်သည့် အစီအစဉ်တစ်ရပ်တစ်ခုကို ဆိုလိုပါသည်။

၁၊၂။   “ကိုယ်စားလှယ်” ဆိုသည်မှာ HI PAY COMPANY LIMITED၏ ကိုယ်စား ဘဏ်လုပ်ငန်းဆောင်ရွက်မှု တစ်စိတ်တစ်ဒေသကို HI PAY COMPANY LIMITEDနှင့် သဘောတူညီချက်ရယူကာ လုပ်ဆောင်သည့် ကြားခံဝန်ဆောင်မှု ပေးသူတစ်ဦးဟု ဆိုလိုပါသည်။

၁၊၃။   “သဘောတူညီချက်” ဆိုသည်မှာ HI PAY COMPANY LIMITEDမှ ထုတ်ပြန်ထားသည့် အသုံးပြုသူ စာရင်းသွင်းမှု ပုံစံအပါအဝင် ဤစည်းကမ်းသတ်မှတ်ချက်များဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားချက်နှင့်အညီ အခါအားလျော်စွာ ပြောင်းလဲမည် ဖြစ်ပါသည်။

၁၊၄။   “အလုပ်ဖွင့်ရက်” ဆိုသည်မှာ မြန်မာနိုင်ငံရှိ စနေနေ့၊ တနင်္ဂနွေနေ့၊ အများပြည်သူအလုပ်ပိတ်ရက် သို့မဟုတ် ဘဏ် ပိတ်ရက်မဟုတ်သည့် နေ့ရက်များကိုဆိုလိုခြင်းဖြစ်သည်။

၁၊၅။   “ဗဟိုဘဏ်” ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုလိုသည်။

၁၊၆။   “E-Wallet Account” ဆိုသည်မှာ HI PAY COMPANY LIMITEDမှ ပံ့ပိုးပေးထားသော TPay Digital Wallet Account တစ်ခုဖြစ်ပြီး အသုံးပြုသူများအား အီလက်ထရွန်နစ်စနစ်ဖြင့် ငွေများ သိမ်းဆည်းရန်နှင့် ငွေကြေးလွှဲပြောင်းမှု များကို လုပ်ဆောင်နိုင်စေမည့် Wallet Account ကို ဆိုလိုသည်။

၁၊၇။   “အခကြေးငွေ” ဆိုသည်မှာ HI PAY COMPANY LIMITEDမှ ထုတ်ပြန်ထားသော ဝန်ဆောင်မှုအသုံးပြုမှုအတွက် ကောက်ခံသည့် အခကြေးငွေ၊ ကောက်ခံမှုအားလုံးကို ဆိုလိုပြီး အခကြေးငွေဇယားတွင် ထည့်သွင်းဖော်ပြထားပါသည်။

၁၊၈။   “စာရင်းသေစာရင်း” ဆိုသည်မှာ အသုံးပြုသူသည် နှစ်ဆယ့်လေး (၂၄) လနှင့်အထက် ကာလအတွင်း မည်သည့်ငွေသွင်း/ငွေထုတ်ခြင်းကိုမျှ ဆောင်ရွက်ခဲ့ခြင်းမရှိလျှင် အသုံးပြုသူများ၏ TPay Account ကို စာရင်းသေစာရင်း (Inactive Account) အဖြစ် သတ်မှတ်မည်ဖြစ်သည် ဆိုလိုသည်မှာ အသုံးပြုသူသည် ၎င်း၏ TPay Account အား အသုံးပြုခြင်းနှင့် Transaction ပြုလုပ်ခြင်းအား ဆက်လက်လုပ်ဆောင်နိုင်တော့မည်မဟုတ်ပါ။

၁၊၉။   “TPay” ဆိုသည်မှာ TPay Application နှင့် HI PAY COMPANY LIMITEDမှ ခန့်အပ်ထားသည့် ကိုယ်စားလှယ်များမှတစ်ဆင့် TPay အသုံးပြုသူများအား HI PAY COMPANY LIMITED မှကမ်းလှမ်းသော Mobile Financial Services များအားဆိုလိုခြင်းဖြစ်သည်။

၁၊၁၀။   “TPay Account” ဆိုသည်မှာ TPay Application မှတဆင့် HI PAY COMPANY LIMITED မှ ပံ့ပိုးပေးသော မိုဘိုင်းလ် ဘဏ္ဍာရေးဝန်ဆောင်မှု Account တစ်ခုဖြစ်ပြီး အသုံးပြုသူ၏ဒစ်ဂျစ်တယ်ငွေကြေးစီမံခန့်ခွဲမှုအတွက် E-Wallet Account ပါရှိသည်။

၁၊၁၁။   “KYC” ဆိုသည်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် နှင့်/သို့ အခြား အခွင့်အာဏာပိုင်များမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော “အသုံးပြုသူ၏ ဖောက်သည်ကို သိပါ” ဟူသော မှတ်ပုံတင်ရန် လိုအပ်ချက်များကို ဆိုလိုသည်။

၁၊၁၂။   “ကုန်သည်” ဆိုသည်မှာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် ငွေပေးချေမှုများအတွက် မိုဘိုင်းငွေကြေးကို လက်ခံသူများ အွန်လိုင်းကုန်ပစ္စည်း ရောင်းချသူများအပါအဝင် ကို ဆိုလိုပါသည်။

၁၊၁၃။   “မိုဘိုင်း ဘဏ္ဍာရေး ဝန်ဆောင်မှု Account သို့မဟုတ် MFS Account” ဆိုသည်မှာ ဝန်ဆောင်မှုနှင့် ပတ်သက်၍ Transaction ပြုလုပ်နိုင်ရန်အတွက် HI PAY COMPANY LIMITED မှ ပေးအပ်ထားသည့် သိမ်းဆည်းမှု တန်ဖိုးတစ်ခုဖြစ်သည်။

၁၊၁၄။   “ကွန်ယက်ဝန်ဆောင်မှုပေးသူ” ဆိုသည်မှာ TPay အသုံးပြုသူများနှင့် HI PAY COMPANY LIMITEDတို့အကြား ချိတ်ဆက်၍ ငွေကြေးလွှဲပြောင်းပေးပို့မှုများ ပြုလုပ်နိုင်ရန် ဆက်သွယ်ရေးနှင့် ဒေတာကွန်ယက် ဝန်ဆောင်မှုပေးသည့် ဆက်သွယ်ရေးနှင့် ဒေတာ ဝန်ဆောင်မှုပေးသူများကို ဆိုလိုပါသည်။

၁၊၁၅။   “Non-registered Services/Over-The-Counter (OTC)” ဆိုသည်မှာ အသုံးပြုသူအနေဖြင့် စာရင်းသွင်းစရာ မလိုအပ်သည့် TPay မှ ပေးအပ်သည့် ဝန်ဆောင်မှုကို ဆိုလိုပါသည်။

၁၊၁၆။   “ငွေလက်ခံသူ”” ဆိုသည်မှာ ငွေလက်ခံမည့်သူအား ဆိုလိုသည်။

၁၊၁၇။   “PIN နံပါတ် သို့မဟုတ် Personal Identity နံပါတ်” ဆိုသည်မှာ Transaction များကို စစ်ဆေးရန်နှင့် အတည်ပြုနိုင်ရန် အသုံးပြုသူမှ သတ်မှတ်ထားသော ဂဏန်းများဖြင့် တည်ဆောက်ထားသည့် စကားဝှက်ဖြစ်သည်။

၁၊၁၈။   “အခကြေးငွေဇယား” ဆိုသည်မှာ HI PAY COMPANY LIMITEDမှ အခါအားလျော်စွာ ပြောင်းလဲ သတ်မှတ်နိုင်သည့် နှင့် ပြောင်းလဲ ထုတ်ပြန်နိုင်သည့် ပမာဏကန့်သတ်ချက်နှင့် အခကြေးငွေ ဖော်ပြပါရှိသော စာရွက်စာတမ်း ကိုဆိုလိုခြင်းဖြစ်သည်။

၁၊၁၉။   “ဝန်ဆောင်မှု” ဆိုသည်မှာ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုများဖြစ်ပြီး အထူးသဖြင့် အီလက်ထရောနစ် terminal များအပါအဝင် မိုဘိုင်းနည်းပညာ အခြေခံအဆောက်အဦများကို အသုံးပြုခြင်းမှတဆင့် ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ ငွေပေးခြေမှုများကို ပေးအပ်ခြင်း ဖြစ်သည်။

၁၊၂၀။   “SIM” ဆိုသည်မှာ Subscriber Identity Module ဖြစ်ပြီး မိုဘိုင်းကွန်ယက်ပေါ်တွင် အသုံးပြုသူအား သုံးစွဲခွင့်ပေးသည့် microchip သုံး စက်ကိရိယာတစ်ခုဖြစ်ပါသည်။

၁၊၂၁။   “SMS” ဆိုသည်မှာ စာတိုပို့စနစ်ဖြစ်ပြီး မိုဘိုင်းတယ်လီဖုန်းများအကြား စာတိုများ အပြန်အလှန် ပေးပို့နိုင်သည့် ဆက်သွယ်ရေး နည်းပညာတစ်ခု ဖြစ်ပါသည်။

၁၊၂၂။   “Transaction” ဆိုသည်မှာ လက်ကိုင်ဖုန်းကို အသုံးပြု၍ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ပြည်တွင်း/နိုင်ငံတကာသို့ “ငွေလွှဲခြင်း၊ ငွေပေးချေမှု ပြုလုပ်ခြင်း၊ ကုန်သည် ငွေပေးချေမှု ပြုလုပ်ခြင်း၊ ငွေစာရင်း စစ်ဆေးခြင်း အစရှိသည်တို့ အပါအဝင် ယင်းတို့သာဖြစ်သည်ဟု ကန့်သတ်ထားခြင်း မရှိသော ဘဏ္ဍာရေး ဆိုင်ရာ သို့ ဘဏ္ဍာရေးနှင့် သက်ဆိုင်ခြင်း မရှိသော စီးပွားရေး လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

၁၊၂၃။   “အသုံးပြုသူ သို့မဟုတ် Customer” ဆိုသည်မှာ HI PAY COMPANY LIMITED ၏ TPay ကို အသုံးပြုသည့် သုံးစွဲသူများကို ဆိုလိုပါသည်။

၁၊၂၄။   “အတည်ပြုကုဒ်” ဆိုသည်မှာ အသုံးပြုသူများမှ TPay Application ကို ဖွင့်သည့်အခါ အတည်ပြုကုတ် ပေးပို့ပါကို နှိပ်ပါက စာရင်းသွင်းမည့်ဖုန်းထံသို့ SMS ဖြင့်ရောက်ရှိလာမည့် ဂဏန်း ၆ လုံးဖြစ်ပြီး Application တွင် ထည့်သွင်းအတည်ပြုရမည် ဖြစ်ပါသည်။

၂။   ဝန်ဆောင်မှုဆိုင်ရာ ရှင်းလင်းဖော်ပြချက်များ

၂၊၁။ ဝန်ဆောင်မှု အကျဉ်းချုပ် ဖော်ပြချက်

TPay ၏ ရည်ရွယ်ချက်မှာ TPay မှ သတ်မှတ်ထားသော ကိုယ်စားလှယ်များမှ တစ်ဆင့် အသုံးပြုသူများထံ ကိုယ်စားလှယ် ငွေကြေးဝန်ဆောင်မှု ပေးနိုင်ရန် ဖြစ်သည်။ TPay အသုံးပြုသူသည် ယင်း၏ လက်ကိုင်ဖုန်း နှင့်/သို့ HI PAY COMPANY LIMITEDမှ ခန့်အပ်ထားသော ကိုယ်စားလှယ်များမှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများ ပြုလုပ်ရယူနိုင်မည် ဖြစ်သည်။

၂၊၂။ လုပ်ငန်းအဆင့်များ၏ နယ်ပယ် သတ်မှတ်ချက်

ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအရ TPay သည် အသုံးပြုသူများထံ ဝန်ဆောင်မှုများကို ပေးအပ်မည် ဖြစ်သည်။

၂၊၂၊၁။  TPay အသုံးပြုသူ – TPay အသုံးပြုသူ သည် တရားဝင် အသက် ၁၈ နှစ် ပြည့်ပြီးသော လူပုဂ္ဂိုလ်ဖြစ်သည်။ ဤ အသုံးပြုသူ သည် ကိုယ်ရေးကိုယ်တာကိစ္စများအတွက် TPay Account များကို အသုံးပြုရန် တောင်းဆို နိုင်ပါသည်။ TPay အသုံးပြုသူများအားလုံးသည် ဤ TPay အသုံးပြုသူများ လိုက်နာရမည့် စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသည့် စည်းကမ်းချက်အားလုံးကို လိုက်နာရမည် ဖြစ်သည်။ 

၂၊၃။   TPAY Account မှတ်ပုံတင်ခြင်း

၂၊၃၊၁။ TPay အသုံးပြုသူများသည် မိမိတို့၏ ကိုယ်ပိုင်လက်ကိုင်ဖုန်းမှ တစ်ဆင့် TPay အသုံးပြုရန် ကိုယ်တိုင် စာရင်းသွင်းနိုင်ပြီး TPay Account အား TPay KYC မူဝါဒနှင့် အညီ ကိုယ်တိုင် အဆင့်မြှင့်တင်နိုင် ပါသည်။

၂၊၃၊၂။ TPay အသုံးပြုသူသည် TPay Account အား TPay မှ ခန့်အပ်ထားသော ကိုယ်စားလှယ်များတွင် နှင့်/သို့ HI PAY COMPANY LIMITEDမှ အတည်ပြုပေးထားသော အခြားကိုယ်စားလှယ်များထံတွင် TPay KYC မူဝါဒနှင့် အညီ စာရင်းသွင်းခြင်း နှင့် အဆင့်မြှင့်တင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

၂.၃.၃။ TPay Account ဖွင့်လှစ်ရန်အတွက် အသုံးပြုသော SIM Card သည် လျောက်ထားသူ Customer ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်တို့ဖြင့်မှတ်ပုံတင်ထားသော SIM ကတ်ဖြစ်ရမည်ဖြစ်ပြီး မှတ်တမ်းတင်ထားသည့် Customer ၏ KYC နှင့် တူညီရမည်ဖြစ်သည်။

၂၊၃၊၃။ TPay အသုံးပြုသူများအားလုံးအနေဖြင့် စာရင်းသွင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် အောက်တွင်ဖော်ပြထားသည့် အချက်အလက်များ (မှတ်ပုံတင်ခြင်းဆိုင်ရာ အသုံးပြုသူ၏အချက်အလက်များ) အား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်သည်။

၂၊၃၊၃၊၁။ အသုံးပြုသူ၏အမည်၊

၂၊၃၊၃၊၂။ စာရင်းသွင်းမည့်ဖုန်းနံပါတ်၊

၂၊၃၊၃၊၃။ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်ကတ်) သို့ သက်တမ်းရှိသည့် နိုင်ငံကူးလက်မှတ် သို့ ယာဉ်‌‌မောင်း လိုင်စင်၊

၂၊၃၊၃၊၄။ ကျား/မအမျိုးအစား၊

၂၊၃၊၃၊၅။ မွေးသက္ကရာဇ်၊

၂၊၃၊၃၊၆။ လူမျိုး၊

၂၊၃၊၃၊၇။ ပြည်နယ်/တိုင်းဒေသကြီး၊

၂၊၃၊၃၊၈။ မြို့နယ်၊

၂၊၃၊၃၊၉။ မြို့၊

၂၊၃၊၃၊၁၀။ နေရပ်လိပ်စာ၊

၂၊၃၊၃၊၁၁။ အီးမေးလ်လိပ်စာ။

အသုံးပြုသူသည် ၎င်း၏ ပြည့်စုံမှုနှင့် တိကျမှုကို သေချာစေရန် မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို အချိန်တိုင်းတွင် အသုံးပြုသူ၏ နောက်ဆုံးအချက်အလက်များနှင့် ကိုက်ညီစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်းအသုံးပြုသူက သဘောတူ ပါသည်။

၂၊၄။   Transaction အမျိုးအစားများ

TPay အသုံးပြုသူများ အနေဖြင့် အောက်ပါ ဝန်ဆောင်မှု အမျိုးအစားများကို အသုံးပြု ဆောင်ရွက်နိုင်မည် ဖြစ်သည်။

၂၊၄၊၁။ ငွေသွင်းခြင်း

၂၊၄၊၂။ ငွေထုတ်ခြင်း

၂၊၄၊၃။ TPay Account, HI PAY COMPANY LIMITED Account များ နှင့် အခြား Account များ သို့/မှ ငွေလွှဲခြင်း

၂၊၄၊၄။ ငွေပေးချေခြင်း

၂၊၄၊၅။ အရောင်းကုန်ဆိုင်သို့ ငွေပေးချေခြင်း

၂၊၄၊၆။ ဖုန်းငွေဖြည့်ခြင်း

၃။ အသုံးပြုသူနှင့် HI PAY COMPANY LIMITEDတို့၏ တာဝန်ဝတ္တရားများ

၃၊၁။   HI PAY COMPANY LIMITED၏ တာဝန်ဝတ္တရားများ

၃၊၁၊၁။ HI PAY COMPANY LIMITED၏ ထိန်းချုပ်နိုင်စွမ်း မရှိသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် ဖြစ်ပွားသော ဝန်ဆောင်မှု ပြတ်တောက်ခြင်းများမှ လွဲ၍ ကျန်ရှိသော အချိန်တိုင်းတွင် အသုံးပြုသူမှ TPay ဝန်ဆောင်မှုအား အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးပါမည်။

၃၊၁၊၂။ ငွေကြေးခဝါချခြင်းအား တားဆီးခြင်း၊ အကြမ်းဖက်မှုများအား ဘဏ္ဍာရေးထောက်ပံ့ခြင်း သို့မဟုတ် တားမြစ်ထားသည့် လောင်းကစား၊ ညစ်ညမ်းရုပ်ပုံများ၊ ပြည့်တန်ဆာလုပ်ငန်း၊ တရားမ၀င်လှုပ်ရှားမှုများ ဟူ၍သာ ကန့်သတ်မထားသော်လည်း ၎င်းတို့အပါအဝင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အခြားသော အာဏာပိုင်များမှ ပိတ်ပင်ထားသော ငွေစာရင်းများသို့ ငွေလွှဲခြင်းများအား တားဆီးရန် ရေးဆွဲထားသော ဥပဒေများ အပါအဝင် အခြားသော ဥပဒေများကို ဖောက်ဖျက်ရန်အတွက် အသုံးပြုသူသည် TPay ဝန်ဆောင်မှုကို အသုံးပြုနေခြင်း မရှိကြောင်း သေချာစေနိုင်မည့် လိုအပ်သော ထပ်ပေါင်းအချက်အလက်များကို ရရှိအောင် HI PAY COMPANY LIMITEDမှ လုပ်ဆောင်ခွင့်ရှိသည်။

၃၊၁၊၃။   HI PAY COMPANY LIMITEDသည် ၎င်း၏တစ်ဉီးတည်းဆုံးဖြတ်ချက်ဖြင့် အသုံးပြုသူမှ TPay Application အသုံးပြုရန် လျှောက်ထားခြင်းအား ငြင်းပယ်ခြင်း သို့မဟုတ် အသုံးပြုသူအား ဝန်ဆောင်မှုပေးနေခြင်းအား ရပ်ဆိုင်းခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်ခွင့်ရှိသည်။

၃၊၁၊၄။   HI PAY COMPANY LIMITEDသည် သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်အရဖြစ်စေ၊ ၎င်း၏တစ်ဦးတည်း ဆုံးဖြတ်ချက် အရဖြစ်စေ အသုံးပြုသူအား ပေးအပ်ထားသော ဝန်ဆောင်မှုများကို ထပ်ပေါင်းခြင်း၊ ပြောင်းလဲခြင်းနှင့် ပယ်ဖျက်ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း လုပ်ဆောင်ခွင့်ရှိသည်။

၃၊၁၊၅။   HI PAY COMPANY LIMITEDသည် TPay ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မည်သည့်အခကြေးငွေ၊ ကောက်ခံမှုများနှင့် Transaction ပမာဏ ကန့်သတ်မှုများကို သတ်မှတ်နိုင်ပြီး သတ်မှတ်ထားသော နှုန်းထားများဖြင့် ကောက်ခံသွားမည် ဖြစ်သည်။ HI PAY COMPANY LIMITEDသည် မည်သည့်အခကြေးငွေ၊ ကောက်ခံမှုများ၊ ကော်မရှင်ကြေးနှင့် Transaction ပမာဏ ကန့်သတ်မှုများကို မည်သည့်အချိန်တွင်မဆို မည်သည့် အကြောင်းကြောင့်ဖြစ်စေ ကြိုတင်အကြောင်းကြားချက်မရှိဘဲ HI PAY COMPANY LIMITED၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ပြောင်းလဲ ပိုင်ခွင့်ရှိသည်။

၃၊၁၊၆။   HI PAY COMPANY LIMITEDသည် HI PAY COMPANY LIMITEDမှ သတ်မှတ်ထားသော Transaction ကန့်သတ်ချက်များ သို့မဟုတ် အမြင့်ဆုံး Transaction ပမာဏ ထပ်ကျော်လွန်ပါက အလိုအလျောက်ပိတ်ဆို့ခွင့် သို့မဟုတ် ငြင်းဆိုပိုင်ခွင့် ရှိသည်။

၃၊၁၊၇။ HI PAY COMPANY LIMITEDသည် မသမာမှုများနှင့်စပ်လျဉ်း၍ သံသယဖြစ်ဖွယ် Transaction များ စစ်ဆေး တွေ့ရှိရသည့် TPay Account များအား လိုအပ်သောစုံစမ်းစစ်ဆေးမှု (Customer Due Diligence (CDD) နှင့် Enhance Due Diligence (EDD) များပြုလုပ်ဆောင်ရွက်နေစဉ်ကာလအတွင်းအဆိုပါ TPay Account အား ယာယီတားဆီးထားမည် ဖြစ်သည်/ တားဆီးပိုင်ခွင့်ရှိသည်။

၃၊၁၊၈။ အသုံးပြုသူသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ HI PAY COMPANY LIMITEDမှ သတ်မှတ်ထားသည့် စုစုပေါင်း Transaction ပမာဏ ကန့်သတ်မှု များထက် အကြိမ်ကြိမ်ကျော်လွန်၍ အသုံးပြုပါက သို့မဟုတ် သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်သော Transaction များကို ပြုလုပ်ပါက HI PAY COMPANY LIMITEDသည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အသုံးပြုသူအား ကြိုတင် အသိပေးအကြောင်းကြားခြင်းမရှိဘဲ TPay Account ကို ပိတ်နိုင်သည်။

၃၊၁၊၉။ အကယ်၍ အသုံးပြုသူ သည် TPay E-Wallet Account သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ HI PAY COMPANY LIMITED ၏ ညွှန်ကြားချက်များကို မလိုက်နာပါက သို့မဟုတ် အသုံးပြုသူ သည် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များကို သော်လည်းကောင်း သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုသော်လည်းကောင်း လိုက်နာခြင်းမရှိပါက HI PAY COMPANY LIMITED သည် အသုံးပြုသူ အား အသိပေးခြင်းမပြုဘဲ အသုံးပြုသူ၏ TPay Account နှင့် ဝန်ဆောင်မှုများအား ပိတ်သိမ်းခြင်း၊ သို့မဟုတ် ရုပ်သိမ်းခြင်းတို့ပြုလုပ်နိုင်သည်။

၃၊၁၊၁၀။ HI PAY COMPANY LIMITED သည် အချိန်နှင့်တပြေးညီ သက်ဆိုင်ရာအာဏာပိုင်များက သတ်မှတ်ထားသော စည်းမျဉ်းများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ TPay Account အတွင်းရှိ တစ်စိတ်တစ်ပိုင်းပမာဏ သို့မဟုတ် လက်ကျန်ငွေတစ်ခုလုံး သို့မဟုတ် TPay Account နှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများကို ခေတ္တရပ်ဆိုင်းရန် သို့မဟုတ် ဆိုင်းငံ့ပိုင်ခွင့် ရှိမည်ဖြစ်သည်။

၃၊၁၊၁၁။ HI PAY COMPANY LIMITED သည် ငွေကြေးခဝါချခြင်းအား တားဆီးခြင်း၊ အကြမ်းဖက်မှုများအား ဘဏ္ဍာရေးထောက်ပံ့ခြင်း ခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများအပါအဝင် သက်ဆိုင်ရာ စည်းမျဥ်းများနှင့် အာဏာပိုင်များက အခါအား လျော်စွာ ချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ TPay Accountနှင့် ဝန်ဆောင်မှုပေးခြင်းကို ခေတ္တရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲပိုင်ခွင့်ရှိမည်ဖြစ်သည်။

၃၊၂။   အသုံးပြုသူ၏ တာဝန်ဝတ္တရားများ

၃၊၂၊၁။ အသုံးပြုသူသည် အမျိုးသားမှတ်ပုံတင်ကဒ် (NRC) သို့မဟုတ် နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသည့်အတိုင်း ကိုယ်ပိုင်တရားဝင်အမည်အပြည့်အစုံဖြင့် TPay မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမည်။

၃၊၂၊၂။   TPay Application အသုံးပြုမှုသည် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များအတွက်သာ အသုံးပြုရမည်ဖြစ်ပြီး အခြားရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထား သည်။ လူပုဂ္ဂိုလ်အမည်ဖြည့်စွက်ရမည့်နေရာတွင် လူပုဂ္ဂိုလ်အမည်မဟုတ်သော အမည်နာမများကို ဖြည့်စွက်ထားပါက ထိုဖြည့်စွက်ထားသော အသုံးပြုသူ၏ TPay အပြာရောင် Application အသုံးပြုခွင့်အား HI PAY COMPANY LIMITEDမှ ငြင်းပယ်မည်ဖြစ်သည်။

၃၊၂၊၃။ TPay account မှတ်ပုံတင်ခြင်းကိုပြုလုပ်ရာတွင် အသုံးပြုသူမှ ပေးသော စာရွက်စာတမ်းများနှင့် အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအားလုံးသည် မှန်ကန်၊ တိကျပြီး အသုံးပြုသူ၏ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုရှိသော အချက်အလက်များဖြစ်ကြောင်း အသုံးပြုသူမှ ဝန်ခံကတိပြုပါသည်။

၃၊၂၊၄။   အကယ်၍ အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ပြောင်းလဲခြင်း သို့မဟုတ် KYC လိုအပ်ချက်များ သို့မဟုတ် အခြား စည်းမျဥ်းစည်းကမ်း/ဥပဒေ လိုအပ်ချက်များအရ HI PAY COMPANY LIMITED မှ တောင်းခံမှုများ ပြုလုပ်လာပါက အသုံးပြုသူမှ အသစ်ပြင်ဆင်ထားသော ပုဂ္ဂိုလ်ရေး အချက်အလက်များနှင့် အခြားသော ပူးတွဲပါအထောက်အထား စာရွက်စာတမ်းများ ပေးရမည် ဖြစ်သည်။

၃၊၂၊၅။ အသုံးပြုသူများမှ လက်ရှိအသုံးပြုနေသော လက်ကိုင်ဖုန်းနံပါတ်အား ပြောင်းလဲလိုခြင်း (သို့) TPay Account နှင့် ပတ်သက်သော ကိုယ်ရေးအချက်အလက်များ ပြောင်းလဲခြင်းအတွက် မိမိကိုယ်တိုင် ပြောင်းလဲခွင့်ပေးရန် တောင်းဆိုသည့် မည်သည့် တောင်းဆိုမှု များကိုမဆို ခွင့်ပြုပေးမည်မဟုတ်ပါ။ အသုံးပြုသူများသည် TPay Call Center သို့ ဆက်သွယ်ပြီး လိုအပ်သည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။

၃၊၂၊၆။ HI PAY COMPANY LIMITED သည် အသုံးပြုသူများကို ယင်းတို့၏ တစ်မျိုးတည်းသာ ရှိသော လက်ကိုင်ဖုန်း နံပါတ်များနှင့် လျှို့ဝှက် PIN နံပါတ် တို့ဖြင့် ခွဲခြားသတ်မှတ်မှု ပြုပါသည်။ Transaction များ အားလုံးသည် လက်ကိုင်ဖုန်း နံပါတ်ဖြင့်သာ စတင်ရသည် ဖြစ်ပြီး Transaction များကို အသုံးပြုသူက ပြုလုပ်သည်ဟု အတည်ပြုပြီး ဖြစ်သည်။ အကယ်၍ အသုံးပြုသူ၏ Transaction PIN/OTP နံပါတ်ရရှိပြီး လက်ကိုင်ဖုန်းနံပါတ်နှင့် မှတ်ပုံတင်ထားသော TPay Account အား ဝင်ရောက်အသုံးပြုနိုင်ခွင့် ရရှိခဲ့ပါက ထို Transaction များသည် အသုံးပြုသူ ကိုယ်တိုင် (သို့) ၎င်း၏ အခွင့်ရသူ ပုဂ္ဂိုလ်တစ်ဦးဦးမှ အသုံးပြုခြင်း ဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။ အသုံးပြုသူမှ အတည်ပြုပြီး ဖြစ်သော Transaction တစ်ခုသည် လုပ်ငန်းပြီးမြောက်ပါက HI PAY COMPANY LIMITEDမှ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးမည် မဟုတ်ပါ။

၃၊၂၊၇၊  ။ အသုံးပြုသူသည် Transaction PIN/OTP အား လျှို့ဝှက်ထားရန် လိုအပ်ပြီး လုံခြုံမှုနှင့်မသမာသူများရန်မှ ကာကွယ်ရန်အတွက်အသုံးပြုသူတစ်ဦးတည်းတွင်သာ တာဝန်ရှိသည်။ အသုံးပြုသူသည် Transaction PIN/ OTP များအား ထုတ်ဖော်ပြောကြားခြင်းကြောင့်သော် လည်းကောင်း၊ တစ်စုံတစ်ဦးမှ တရားမဝင် အသုံးပြုခြင်းကြောင့် သော်လည်းကောင်း၊ မိမိအကောင့်အား လုံခြုံစွာမထိန်းသိမ်းခြင်းကြောင့်သော် လည်းကောင်း ဖြစ်ပေါ်လာသည့် မည်သည့်အကျိုးဆက်မဆို အသုံးပြုသူ၏ တာဝန်သာဖြစ်သည်။

၃၊၂၊၈။   အသုံးပြုသူသည် အသုံးပြုနေသော လျှို့ဝှက် PIN နံပါတ်အား HI PAY COMPANY LIMITEDကို ကိုယ်စားပြုသည်ဟု ဆိုသူများ အပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးအပ်ခြင်း မပြုလုပ်ရ။ အသုံးပြုသူသည် HI PAY COMPANY LIMITEDအနေဖြင့် အသုံးပြုသူထံမှ အသုံးပြုသူ၏ လျှို့ဝှက် PIN နံပါတ် ကို မည်သည့်အခါမျှ တောင်းခံမည် မဟုတ်ကြောင်းနှင့် HI PAY COMPANY LIMITEDမှ ဝန်ထမ်းများသည် အသုံးပြုသူ၏ လျှို့ဝှက် PIN နံပါတ် ကို အသုံးပြုသူအား မေးမြန်းမည်မဟုတ်ကြောင်း အသုံးပြုသူမှ သိရှိပြီးဖြစ်ပါသည်။

၃၊၂၊၉။ Customer သည် TPay Account ဖွင့်လှစ်ပြီးနောက် အဆိုပါ TPay Account အား လူပုဂ္ဂိုလ်တစ်ဦးဦးထံသို့ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ ဌားရမ်းခြင်း (သို့မဟုတ်) အခကြေးငွေ ဖြင့်ရောင်းချခြင်းများမပြုလုပ်ရန်နှင့် ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါကသက်ဆိုင်ရာ Customer တွင်သာ တာဝန်ရှိစေမည်ဖြစ်ပြီး တာဝန်ရှိ အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ခြင်းများ (သို့မဟုတ်) TPay Account ပိတ်သိမ်းခြင်းများ ဖြစ်ပေါ်လာနိုင်သည်ကိုသိရှိနားလည်ထားရပါမည်။

၃၊၂၊၁၀။ အခြားသောငွေကြေးဝန်ဆောင်မှုစနစ်များနှင့် TPay Account အား အသုံးပြု၍ အခြားပုဂ္ဂိုလ်တစ်ဦးဦးနှင့် ငွေလဲလှယ်မှုများကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်းတို့အတွက် ကုစားပေးရန် HI PAY COMPANY LIMITEDတွင် တာဝန်ရှိမည်မဟုတ်ပါ။

၃၊၂၊၁၁။   HI PAY COMPANY LIMITEDသည် အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များနှင့် ငွေစာရင်းဆိုင်ရာ သတင်းအချက်အလက် များအား တရားရုံးနှင့် အစိုးရအာဏာပိုင်များထံ ပေးရန်လိုအပ်လာပါက ပေးပိုင်ခွင့်ရှိကြောင်း အသုံးပြုသူမှ သိရှိသဘောတူ ပါသည်။

၃၊၂၊၁၂။ HI PAY COMPANY LIMITEDသည် စာရင်းသေစာရင်းများအပေါ် စာရင်းထိန်းသိမ်းခ ကောက်ခံခွင့်ရှိမည်ဖြစ်ပြီး ထိုစာရင်းထိန်းသိမ်းခအား အသုံးပြုသူ၏ စာရင်းသေစာရင်းမှ နုတ်ယူဖြတ်တောက်သွားမည်ဆိုသည်ကို အသုံးပြုသူအနေဖြင့် သိရှိလက်ခံသဘောတူပါသည်။

၃၊၂၊၁၃။   Transaction အား ပြုလုပ်ခြင်းမပြုမှီ တစ်ဖက်မှငွေလက်ခံရရှိမည့်သူ၏ အချက်အလက်များကို အသုံးပြုသူအနေဖြင့် သေချာစွာစစ်ဆေးရန်လိုအပ်ပြီး ငွေသွင်းငွေထုတ်၊ ငွေလွှဲ၊ငွေပေးချေခြင်းနှင့်ပတ်သက်သည့် အမှားအယွင်းကြောင့် ဖြစ်ပေါ်လာသော မည်သည့်ဆုံးရှုံးမှု(သို့) နစ်နာမှုအတွက်မဆို HI PAY COMPANY LIMITEDတွင် တာဝန်ရှိမည်မဟုတ်ပါ။

၃၊၂၊၁၄။   အခွင့်မရှိသော Transaction များဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်အတွက် အသုံးပြုသူသည် ၄င်း၏ လက်ကိုင်ဖုန်း (သို့) SIM ခိုးယူခံရခြင်း/ပျောက်ဆုံးခြင်းများ ဖြစ်ပွားပါက HI PAY COMPANY LIMITEDမှ အသုံးပြုသူ၏ TPay Account အား ယာယီပိတ်ပင်နိုင်ရန်အတွက် အသုံးပြုသူမှ HI PAY COMPANY LIMITEDထံ ချက်ချင်းအကြောင်းကြားရပါမည်။

၃၊၂၊၁၅။ HI PAY COMPANY LIMITEDသည် အသုံးပြုသူ၏ TPay Accountအား သက်ဆိုင်ရာ အကောင့်အတွင်းရှိ လက်ကျန်ငွေသည် သုည (၀) ဖြစ်ပါက ၎င်း၏တစ်ခုတည်းသော ဆုံးဖြတ် ချက်ဖြင့် ပိတ်ရန် အသုံးပြုသူမှ အသိအမှတ်ပြုလက်ခံသဘောတူပါသည်။

၃၊၂၊၁၆။ အသုံးပြုသူ၏ TPay Accountကို အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ မည်သည့် အချက်ကိုမဆို ပြုမူခြင်း/လုပ်ဆောင်ခြင်းများအတွက်ဟုသာ ကန့်သတ်ထားခြင်းမရှိဘဲ ယင်းတို့အပါအဝင် အသုံးပြုသူ၏ TPay Accountကို အသုံးပြုခြင်းအား TPay မှ ခွင့်မပြုပါ။

၃၊၂၊၁၆၊၁။ TPay အား မှားယွင်းသော၊ မမှန်ကန်သော၊ သို့မဟုတ် အထင်အမြင် လွဲမှားစေသော အချက်အလက်များပေးခြင်း၊

၃၊၂၊၁၆၊၂။ တရားမဝင်သောလုပ်ဆောင်မှုများအတွက် အသုံးပြုသူ၏ TPay ကိုအသုံးပြုခြင်း၊

၃၊၂၊၁၆၊၃။ TPay အား တိုင်ကြားမှုများ၊ အငြင်းပွားမှုများ၊ တောင်းခံမှုများ၊ ပြစ်ဒဏ်များ သို့မဟုတ် HI PAY COMPANY LIMITED၊ အခြားအသုံးပြုသူများ၊ သို့မဟုတ် အခြားတတိယပါတီဝင်များ အား အခြားတာဝန်ယူများ ဖြစ်ပေါ်လာနိုင်သည့် နည်းလမ်းဖြင့် TPay ကို အသုံးပြုခြင်း၊ သို့မဟုတ် အလွဲသုံးစားမှုအဖြစ်မှတ်ယူနိုင်သည့် ကိစ္စရပ်များအတွက် အသုံးပြုခြင်း သို့မဟုတ် အခြားတတိယပါတီဝင်များမှပေးသော မည်သည့်ဝန်ဆောင်မှုကိုမဆို ချိုးဖောက်ခြင်း နှင့် အသုံးပြုသူမှ ၎င်း၏ TPay Accountအား မသမာသော ငွေကြေးထောက်ပံ့မှု ပြုနိုင်ရန်အတွက် (သို့မဟုတ် အသုံးပြုသူ၏ TPay Account မှ ငွေထုတ်ယူရန်) အသုံးပြုသူမှ ၎င်း၏ TPay Accountအား အသုံးပြုခြင်း။ သို့မဟုတ်

၃၊၂၊၁၆၄။ ဤစည်းမျဥ်းစည်းကမ်းများ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် စည်းမျဉ်းများကို ချိုးဖောက်ခြင်း။

၃၊၂၊၁၇။ အသုံးပြုသူမှ ၎င်း၏ TPay Account အား အခွင့်မရှိဝင်ရောက်ခြင်း သို့မဟုတ် သံသယဖြစ်ဖွယ် အသုံးပြုခြင်းများ အပါအဝင် လိမ်လည်မှုများလုပ်ဆောင်နေသည်ဟု ယုံကြည်နိုင်ရန် လုံလောက်သော အကြောင်းပြချက် ရှိပါက ထိုအဖြစ်အပျက်ကို သတင်းပို့ရန် TPay Call Center သို့ခေါ်ဆို၍ ချက်ချင်း အကြောင်းကြားရန် လိုအပ်ပါသည်။

၃၊၂၊၁၈။ HI PAY COMPANY LIMITED ၏ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးပြီးနောက် လိုအပ်သည့် သတင်းအချက်အလက်များအား ရရှိနိုင်ရန်အတွက် အသုံးပြုသူမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည် ဖြစ်သည်။ HI PAY COMPANY LIMITED အနေဖြင့် စုံစမ်းစစ်ဆေးသည့် နောက်ဆုံးရလဒ် အခြေအနေများကို အသုံးပြုသူအား သက်ဆိုင်ရာဌာနမှတစ်ဆင့် အသိပေး အကြောင်းကြားသွားမည် ဖြစ်သည်။

၃၊၂၊၁၉။ အသုံးပြုသူအား လိမ်လည်မှုတွင်ပါဝင်ပတ်သက်နေသူအဖြစ် သံသယဖြစ်ဖွယ်ကိစ္စရပ်များ ပေါ်ပေါက်လာပါက အသုံးပြုသူသည် HI PAY COMPANY LIMITED၏ စုံစမ်းစစ်ဆေးခြင်းတွင် သင့်လျော်သောပုဂ္ဂိုလ်များနှင့်အတူ ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်သည်။ အသုံးပြုသူသည် ထိုလိမ်လည်မှုတွင် မိမိအနေဖြင့် ပါဝင်ပတ်သက် ခဲ့ခြင်းမရှိသည်ကို ခိုင်လုံသည့် သက်သေအထောက် အထားများဖြင့် တင်ပြနိုင်ရမည်။ ထိုကဲ့သို့ တင်ပြနိုင်ခြင်း မရှိခဲ့ပါက HI PAY COMPANY LIMITED၏ ဆုံးဖြတ်ချက်အတိုင်း အသုံးပြုသူမှ လိုက်နာဆောင်ရွက် ရမည်ဖြစ်သည်။

၃၊၂၊၂၀။ အသုံးပြုသူ အနေဖြင့် လိမ်လည်မှုများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး/အကြမ်းဖက်မှုများ၏ ဘဏ္ဍာရေး တိုက်ဖျက်မှု သို့မဟုတ် အခြားသော မြန်မာနိုင်ငံ၏ ဥပဒေကြောင်းများအရ လိုက်နာဆောင်ရွက်ရန်အတွက် HI PAY COMPANY LIMITEDမှ ဆောင်ရွက်နိုင်ရန် လိုအပ်သော အချက်အလက်များကို ပေးရန်/ထုတ်ဖော်ရန် သဘောတူညီပြီး HI PAY COMPANY LIMITEDသည် အသုံးပြုသူ၏ အချက်အလက်များကို ဥပဒေအရ လိုအပ်သော သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ထုတ်ဖော်မည် ဖြစ်သည်။

၃၊၂၊၂၁။ အသုံးပြုသူသည် HI PAY COMPANY LIMITEDမှ သတ်မှတ်ထားသော ကန့်သတ်ချက် သို့မဟုတ် ပမာဏထက် ကျော်လွန်ပါက transaction များကို ပိတ်ဆို့ခြင်း သို့မဟုတ် ငြင်းဆိုခြင်းများ ပြုလုပ်နိုင်ကြောင်း အသိအမှတ်ပြု သဘောတူလက်ခံပြီး ယင်းလုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများအတွက် HI PAY COMPANY LIMITEDမှ တာဝန်ရှိမည်မဟုတ်ပါ။

၃၊၂၊၂၂။ အသုံးပြုသူသည် Account သို့မဟုတ် ဝန်ဆောင်မှုများကို ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းဖြစ်စေသော ကိစ္စများကို ဖြေရှင်းရာတွင် လွယ်ကူချောမွေ့စေရန်အတွက် တောင်းဆိုသော အချက်အလက်များနှင့် စာရွက်စာတမ်းအားလုံးကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးရန်နှင့် HI PAY COMPANY LIMITEDနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် သဘောတူပါသည်။

၃၊၂၊၂၃။ HI PAY COMPANY LIMITEDသည် ဤစည်းမျဥ်းစည်းကမ်းများအရ ပံ့ပိုးပေးထားသည့် မည်သည့်ဝန်ဆောင်မှုမဆိုနှင့် HI PAY COMPANY LIMITED၏ Account၊ Wallet၊ TPay Account ၏လက်ကျန်ငွေတစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို ဆိုင်းငံ့ထားရန် ၎င်း၏လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း နှင့်ဆက်စပ်၍ ဖြစ်‌ပေါ်လာသော ဆုံးရှုံးမှု၊ နစ်နာမှု၊ သို့မဟုတ် ကုန်ကျစရိတ်များအတွက် HI PAY COMPANY LIMITEDတွင် တာဝန်မရှိသည်ကို အသုံးပြုသူသည် သိရှိနားလည် သဘောတူပါသည်။

၃၊၂၊၂၄။ အသုံးပြုသူသည် လိုအပ်သော စာရွက်စာတမ်းများ သို့မဟုတ် အထောက်အထားများ ပံ့ပိုးပေးခြင်းအပါအဝင် သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းများနှင့် ဘဏ်အတွင်းမူဝါဒများကို လိုက်နာမှုရှိစေရန်အတွက် လိုအပ်သောအချက်အလက်များအားလုံးကို ပံ့ပိုးပေး၍ HI PAY COMPANY LIMITEDနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူပါသည်။

၃၊၂၊၂၅။ အသုံးပြုသူသည် HI PAY COMPANY LIMITEDအား ယင်း၏ ပုဂ္ဂိုလ်ရေး အချက်အလက်နှင့် အခြားသော အချက်အလက်များကို စုဆောင်း/အသုံးပြု/ထုတ်ဖော်ခြင်းနှင့် ထိန်ချန်ခြင်းများ ပြုလုပ်ရန် အခွင့်အာဏာပေးအပ်ထားသည်ကို သဘောတူညီပါ သည်။ ဤဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အသုံးပြုသူသည် TPay ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို သဘောတူညီပါသည်။

၃၊၂၊၂၆။ အသုံးပြုသူသည် ဤဝန်ဆောင်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများ ကန့်သတ်ထားခြင်းမရှိဘဲ Campaign နှင့် Marketing အကြောင်းအရာများအပါအဝင် အားလုံးကို အသုံးပြုသူ၏ မိုဘိုင်းလ်ဖုန်း ထံသို့ SMS၊ စာတိုများနှင့် SMS Link များ ပေးပို့မည်ကို အသုံးပြုသူကသိရှိ လက်ခံသဘောတူပါသည်။

   မလွန်ဆန်နိုင်သော ဖြစ်ရပ်များ

ဤဝန်ဆောင်မှုကို HI PAY COMPANY LIMITEDက ဆောင်ရွက်ပေးနေစဉ်ကာလအတွင်း သဘာဝဘေးအန္တာရာယ်၊ စစ်ဖြစ်ပွားမှု၊ ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်း သို့မဟုတ် အလွန်ဆိုးရွားသည့်ရာသီဥတုအခြေအနေများ၊ ဆူပူအုံကြွမှု၊ ပုန်ကန်မှု၊ လူထုမငြိမ်မသက်ဖြစ်မှု၊ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ စက်ချွတ်ယွင်းမှု သို့မဟုတ် အခြားသောမလွန်ဆန်နိုင်သော ဖြစ်ရပ်များသာဖြစ်သည်ဟု ကန့်သတ်ထားမှု မရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်ပြီး HI PAY COMPANY LIMITEDမှ ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေသည့် ဖြစ်ရပ်များကြောင့် အချိန်ကာလတစ်ရပ်အထိ ဖြစ်ပေါ်လာရသည့် မည်သည့်လုပ်ငန်း ဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုဖြစ်ခြင်း များအတွက်မဆို HI PAY COMPANY LIMITEDတွင် တာဝန်မရှိကြောင်းကို အသုံးပြုသူသည် နားလည်သဘောတူပါသည်။ HI PAY COMPANY LIMITEDသည် ယင်းသို့သော အခြေအနေများကြောင့် အဟန့်အတားဖြစ်ခြင်း၊ အတားအဆီးဖြစ်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ ကြုံတွေ့နေရသည့် အတိုင်းအတာအပေါ်မူတည်၍ အဆိုပါအခြေအနေများ ပြီးဆုံးသွားသည့် အချိန်အထိ HI PAY COMPANY LIMITEDက ပေးနေသည့် ဤဝန်ဆောင်မှုအား ဆိုင်းငံ့ထားမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် HI PAY COMPANY LIMITEDအနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၅။  ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ

၅၊၁။ လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ နှင့်သဘောတူညီချက်ပြုလုပ်ခြင်း သို့မဟုတ် ၎င်းတို့ ပါဝင်သည့် transaction များပြုလုပ်ခြင်းများမှ HI PAY COMPANY LIMITEDအား တားဆီးပိတ်ပင်မှုပြုလုပ်နိုင်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သို့မဟုတ် အခြားသောနိုင်ငံများ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများကို HI PAY COMPANY LIMITEDက လိုက်နာရပါသည်။

၅၊၂။ HI PAY COMPANY LIMITEDသည် ၎င်း၏ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး နှင့် စီးပွားကုန်သွယ်မှုပိတ်ဆို့အရေးယူမှုများကို စီမံခန့်ခွဲရေး သို့မဟုတ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်အခြားသောဥပဒေနှင့်စည်းမျဉ်းများနှင့်မဆို ကိုက်ညီမှုရှိစေရေးအတွက် လိုအပ်သည့်သတင်းအချက်အလက်အားလုံးကို အသုံးပြုသူကပေးအပ်ရမည်။

၅၊၃။ မည်သည့် Transaction မျိုးအတွက်မဆို HI PAY COMPANY LIMITEDကဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ ဥပဒေများကိုသော်လည်းကောင်း၊ အခြားမည်သည့်နိုင်ငံမဆို၏ဥပဒေများကိုသော်လည်းကောင်း ချိုးဖောက်မှု မရှိကြောင်း အသုံးပြုသူက ထုတ်ဖော်ကြေညာပြီး တာဝန်ယူသည်။

၆။ တာဝန်ဝတ္တရား ကန့်သတ်ခြင်း

၆၊၁။ HI PAY COMPANY LIMITEDသည် ဤစည်းမျဉ်း သတ်မှတ်ချက်များနှင့် လျော်ညီမှုရှိသော အစပြုပြီးသည့် Transaction များကို ပြီးစီးအောင် လုပ်ဆောင်ပေးမည် ဖြစ်သည်။ သို့သော် HI PAY COMPANY LIMITEDသည် အသုံးပြုသူမှ စတင်ခဲ့ပြီး အောက်ပါအခြေအနေများဖြင့် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ကိုက်ညီနေသော Transaction များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက HI PAY COMPANY LIMITEDတွင် တာဝန်မရှိပေ။

၆၊၁၊၁။   ငွေပေးချေမှု ပြုလုပ်ရန် အသုံးပြုသူ၏ Account တွင် ငွေလက်ကျန် အလုံအလောက် မရှိခြင်း၊

၆၊၁၊၂။   TPay Application  ဝန်ဆောင်မှု၊ ဆက်သွယ်ရေး ကြိုးလိုင်း၊ ဆက်သွယ်ရေး ကိရိယာ သို့ modem မှ ပုံမှန်လုပ်ဆောင်မှု လုပ်ကိုင်နိုင်စွမ်းမရှိခြင်းကို အသုံးပြုသူမှ ယင်းချို့ယွင်းမှုကို သိရှိပြီး ဖြစ်ခြင်း သို့ ယင်းအကြောင်းကို အသုံးပြုသူမှ Transaction မပြုလုပ်မီ HI PAY COMPANY LIMITEDမှ ကြိုတင် အကြောင်းကြားထားခြင်း၊

၆၊၁၊၃။   အသုံးပြုသူမှ Transactionအား မှန်ကန်စွာ အစမပြုခြင်း သို့မဟုတ် အသုံးပြုသူမှ တိုက်ရိုက်ပေးချေလိုသော ငွေလက်ခံမည့်သူများ၏ အမည်မှန်နှင့် Account အချက်အလက်များကို HI PAY COMPANY LIMITEDထံ အသိမပေးခြင်း၊

၆၊၁၊၄။   HI PAY COMPANY LIMITED၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြေအနေများ(မီးလောင်မှု၊ လျှစ်စစ်ဓါတ်အား ပြတ်တောက်မှု၊ စက် သို့မဟုတ် နည်းပညာဆိုင်ရာ ချို့ယွင်းမှုနှင့် အခြားသော ပြင်ပသက်ရောက်မှုများ)မှ Transaction လုပ်ကိုင်နိုင်စွမ်း မရှိအောင် တားဆီးကန့်သတ်နေခြင်း၊

၆၊၁၊၅။   HI PAY COMPANY LIMITEDမှ လုပ်ဆောင်နိုင်စွမ်း မရှိသော အခွန်ဆောင်ခြင်း သို့ တရားရုံးမှ အမိန့်ချထားသော ငွေပေးချေမှုများကို အသုံးပြုသူမှ HI PAY COMPANY LIMITEDအား လုပ်ဆောင်ပေးရန် ခိုင်းစေခြင်း၊

၆၊၁၊၆။   ငွေများသည် ဥပဒေဆိုင်ရာလုပ်ငန်းစဉ် သို့မဟုတ် အခြားတားဆီးမှု သို့မဟုတ် ယင်းငွေပြောင်းမှုကို ကန့်သတ်ထားသော အကြောင်းတစ်စုံတစ်ရာရှိနေခြင်း၊

၆၊၂။ အခြားတစ်ဖက်၏ အကျိုးအမြတ် ဆုံးရှုံးမှု၊ အချက်အလက် ဆုံးရှုံးမှု၊ အသုံးပြုရာတွင် ဆုံးရှုံးမှု၊ စရိတ်ကုန်ကျမှု၊ လုပ်ငန်းပိတ်ဆို့ဟန့်တားခံရမှု သို့မဟုတ် အခြားမတော်တဆမှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်မှု၊ အပြစ်ပေးခံရမှု သို့မဟုတ် ဆုံးရှုံးနစ်နာသည့် အကျိုးသက်ရောက်မှုများအတွက် HI PAY COMPANY LIMITEDတွင် တာဝန်မရှိပါ။ သို့ရာတွင် ပါတီတစ်ဖက်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ဆုံးရှုံးနစ်နာအောင် ပြုလုပ်ခြင်း သို့မဟုတ် ပေါ့ဆမှု သို့မဟုတ် လိုအပ်သော ဂရုစိုက်မှု နှင့် ကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့်ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများမှလွဲ၍ ဤစည်းမျဉ်းစည်ကမ်း သတ်မှတ်ချက်များ၏ မည်သည့် စည်းကမ်းချက်ကိုမဆို လိုက်နာဆောင်ရွက်၍သော်လည်းကောင်း  သို့မဟုတ် ဆက်စပ်မှုအရသော်လည်းကောင်း ဖြစ်ပေါ်လာသော တာဝန်ရှိမှုအတွက်သာလျှင် HI PAY COMPANY LIMITEDအနေဖြင့် တာဝန်ရှိမည်ဖြစ်သည်။

၇။ နုတ်ယူပိုင်ခွင့်

အသုံးပြုသူ၏ငွေစာရင်းထဲသို့ အခြားလူပုဂ္ဂိုလ်ထံမှဖြစ်စေ၊ HI PAY COMPANY LIMITEDမှဖြစ်စေ သို့မဟုတ် မည်သည့် အကြောင်းပြချက်ကြောင့်ဖြစ်စေ မှားယွင်းလွှဲပြောင်းမိသောကြောင့် အသုံးပြု၏ငွေစာရင်းတွင် မိမိပိုင်မဟုတ်သော ပိုနေသော ငွေများကို ပြန်ပေးရန် တာဝန်ရှိပါသည်။ ယင်းပိုငွေများသည် အသုံးပြုသူ၏ ဥပဒေနှင့်အညီရပိုင်ခွင့်ရှိသည့် ငွေများမဟုတ်သည့် အားလျော်စွာ မည်သည့်ကန့်သတ်ချက်၊ အသိပေးချက်မှပေးပို့ခြင်းမရှိဘဲ သို့မဟုတ် လျော်ကန်သင့်မြတ်သည့် နည်းလမ်းအရပ်ရပ် ဖြင့် နုတ်ယူနိုင်သည်။

၈။ ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်

စာရွက်စာတမ်း၊ HI PAY COMPANY LIMITED၏ဝဘ်ဆိုက်နှင့် TPay Application အားလုံးတွင် အကြောင်းအရာအဖြစ်ဖြင့်ဖြစ်စေ၊ စကားအသုံးအနှုန်း ပုံစံအဖြစ်ဖြင့်ဖြစ်စေ ပါရှိသော ကုန်အမှတ်တံဆိပ်၊ သင်္ကေတ၊ စာလုံးအမှတ်အသား၊ လုပ်ငန်းဝန်ဆောင်မှု အမှတ်အသား၊ ကုန်အမှတ်တံဆိပ်အမည်နှင့် ဒီဇိုင်းလက်ရာအားလုံး၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အရပ်ရပ်သည် HI PAY COMPANY LIMITED၏မူပိုင်ဖြစ်သည်။ အသုံးပြုသူသည် HI PAY COMPANY LIMITED၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမပြုရ သို့မဟုတ် HI PAY COMPANY LIMITEDမှ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက် ရရှိထားခြင်းမရှိဘဲ မည်သည့်ကိစ္စကိုမဆို ကြော်ငြာခြင်းမပြုရ။ အသုံးပြုသူသည် HI PAY COMPANY LIMITED၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ် အခြားဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို ပြုလုပ်ခွင့်ရှိမည်မဟုတ်ပါ သို့မဟုတ် အခြားသူက ပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးပိုင်ခွင့်ရှိမည်မဟုတ်ပါ။

၉။   ဖျက်သိမ်းခြင်း

HI PAY COMPANY LIMITEDအနေဖြင့် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ အသုံးပြုသူအပေါ်တွင် ရှိသော တာဝန်ဝတ္တရားများအား ထိခိုက်စေခြင်း မရှိပဲ ဝန်ဆောင်မှုအား အကြောင်းပြချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အချိန်မရွေး ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း ပြုလုပ်နိုင်သည်။ အသုံးပြုသူမှ ဤစည်းမျဉ်း သတ်မှတ်ချက် သို့မဟုတ် HI PAY COMPANY LIMITEDနှင့် ပြုလုပ်ထားသော အခြား မည်သည့် သဘောတူညီချက်ကို မဆို ဖောက်ဖျက်ခြင်း၊ အသုံးပြုသူ၏ Account သို့မဟုတ် ဤဝန်ဆောင်မှုအား အခွင့်မရှိ အသုံးပြုခြင်း၊ သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်သော အသုံးပြုခြင်းများပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်ခံခဲ့ရသည်ဟု ယုံကြည်ရလောက်သည့် အကြောင်းပြချက် တစ်ခုခုရှိနေခြင်း သို့မဟုတ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရသော်လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ ညွှန်ကြားချက်အရသော်လည်းကောင်း သို့မဟုတ် အသုံးပြုသူ၏ Account တွင် အငြင်းပွားဖွယ်ရာ ငွေကြေးများရှိနေခြင်းတို့ အတွက် HI PAY COMPANY LIMITED အနေဖြင့် ဤအရေးယူမှုကို ချက်ချင်းပြုလုပ်နိုင်သည်။ HI PAY COMPANY LIMITED အနေဖြင့် အသုံးပြုသူ၏ ဘဏ်စာရင်းများအား စိစစ်၍ HI PAY COMPANY LIMITEDမှ ရရန်ရှိသည့် ငွေပမာဏအား အသုံးပြုသူ၏ မည်သည့် ဘဏ်စာရင်းမှမဆို နှုတ်ယူခွင့်ရှိပါသည်။

၁၀။ စာရင်းသေစာရင်းဆိုင်ရာမူဝါဒ

၁၀၊၁။  အသုံးပြုသူသည် နှစ်ဆယ့်လေး (၂၄) လနှင့်အထက် ကာလအတွင်း မည်သည့်ငွေသွင်း/ငွေထုတ်ခြင်းကိုမျှ မပြုလုပ်သောကြောင့် စာရင်းသေဖြစ်နေသော အသုံးပြုသူများ၏ TPay Account များကို ငွေအဝင်အထွက်လုပ်ဆောင်မှုရှိသည့်စာရင်းမှ စာရင်းသေစာရင်းအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး အသုံးပြုသူသည် ၎င်း၏ TPay Account အား အသုံးပြု၍ရနိုင်တော့မည်မဟုတ်ပါ။ HI PAY COMPANY LIMITEDသည် အနည်းဆုံးလက်ကျန်ငွေ “၀” ဖြစ်နေသည့် သို့မဟုတ် အနည်းဆုံးလက်ကျန်ငွေ ၅၀၀ နှင့်အောက်လျော့နည်းနေသည့် အသုံးပြုသူ၏ စာရင်းသေစာရင်းများအား HI PAY COMPANY LIMITEDက ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းတို့ကို အသုံးပြုသူအား ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်ပိုင်ခွင့်ရှိမည်ဖြစ်သည်။ အသုံးပြုသူ၏ TPay Accountကို ပိတ်သိမ်းလိုက်သည်နှင့်တစ်ပြိုင်နက် အသုံးပြုသူအား အသိပေးအကြောင်းကြားခြင်းဖြင့်ဖြစ်စေ သို့မဟုတ် အသိပေး အကြောင်းမကြားဘဲဖြစ်စေ အသုံးပြုသူအား ပေးသည့် ဤဝန်ဆောင်မှုများသည် အလိုအလျောက် ရပ်ဆိုင်းသွားမည် ဖြစ်သည်။

၁၀၊၂။  စာရင်းသေစာရင်းပိုင်ရှင် အသုံးပြုသူတို့သည် ၎င်းတို့၏ စာရင်းသေစာရင်းများကို ပြန်လည် အသုံးပြုလိုပါက နီးစပ်ရာ TPay စင်တာများသို့ TPay Account ပိုင်ရှင်ကိုယ်တိုင် သွားရောက်၍ တောင်းဆိုချက် ပြုလုပ်ရမည်ဖြစ်ပြီး TPay မှ လိုအပ်သော KYC (Know Your Customer) ၏ အချက်အလက်များအားလုံးကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ HI PAY COMPANY LIMITED၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို HI PAY COMPANY LIMITED မှ အခါအားလျော်စွာ ပြင်ဆင် ပြောင်းလဲသတ်မှတ်နိုင်သည်ကို အသုံးပြုသူမှ သိရှိနားလည်ပါသည်။ HI PAY COMPANY LIMITED သည် အသုံးပြုသူ၏ တောင်းဆိုချက်အရ စာရင်းသေစာရင်းအား ပြန်လည်အသက်သွင်းခြင်း လုပ်ငန်းစဉ်ကို HI PAY COMPANY LIMITED၏မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ပေးမည် ဖြစ်ပါသည်။

၁၁။ ကိုယ်ရေးအချက်အလက်များ

၁၁၊၁။   HI PAY COMPANY LIMITEDသည် အသုံးပြုသူမှ TPay Account အတွက် စာရင်းသွင်းခြင်း ဆောင်ရွက်သည့်အခါ၊ ငွေကြေးလွှဲပြောင်းမှုများ အတွက် TPay Account အသုံးပြုခြင်း သို့မဟုတ် TPay ဝန်ဆောင်မှုများအတွက် အသုံးပြုသူထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်း အသုံးပြုပါသည်။ HI PAY COMPANY LIMITEDမှ စုဆောင်းရရှိထားသော အသုံးပြုသူ၏ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွင် မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များ၊ အသုံးပြုသူ၏ အမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အမျိုးသား မှတ်ပုံတင်ကတ် (NRC) သို့မဟုတ် သက်တမ်းရှိ နိုင်ငံကူးလက်မှတ် အချက်အလက်နှင့် ဓာတ်ပုံများ၊ Biometric အချက်အလက်များ၊ အီးမေးလ်လိပ်စာ နှင့် အခြား ဆက်သွယ်ရန်အချက်အလက်များ သို့မဟုတ် TPay Application ကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အသုံးပြုသူ၏ အခြားနှင့် အခြားသောအတည်ပြုစစ်ဆေးနိုင်သော အချက်အလက်များ (ဤနေရာမှစ၍ ကိုယ်ရေးအချက်အလက်များ”အဖြစ် ရည်ညွှန်းမည်ဖြစ်သည်) ကိုသာဆိုလိုခြင်း ဖြစ်ပြီး public domain တွင် လွတ်လွတ်လပ်လပ် ရရှိနိုင်သော သို့မဟုတ် ဝင်ရောက်နိုင်သည့် အသုံးပြုသူ၏ မည်သည့်အချက်အလက်ကိုမဆို ထိခိုက်လွယ်သော ကိုယ်ရေးအချက်အလက်များ သို့မဟုတ် သတင်းအချက်အလက်များအဖြစ် မှတ်ယူမည်မဟုတ်ပါ။ HI PAY COMPANY LIMITED သည် အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်များသည် အသုံးပြုသူအတွက် အရေးကြီးကြောင်း နားလည်သဘောပေါက်ပြီး HI PAY COMPANY LIMITED သည် အသုံးပြုသူ၏ကိုယ်ရေး အချက်အလက်များတွင် အသုံးပြုသူ၏ ယုံကြည်မှုကို တန်ဖိုးထားသောကြောင့် HI PAY COMPANY LIMITEDအနေဖြင့် အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်များအား လက်ခံနိုင်သော နည်းလမ်းများကို အသုံးပြု၍ ကာကွယ်သွားမည်ဖြစ်သည်။ HI PAY COMPANY LIMITEDသည် အသုံးပြုသူထံမှ စုဆောင်းရရှိထားသော အချက်အလက်များကို အောက်တွင်ဖော်ပြထားသကဲ့သို့သော တရား၀င် ရည်ရွယ်ချက်များအတွက် အသုံးပြုမည်ဖြစ်သည်။

၁၁၊၁၊၁။ Application နှင့် Transactionများအား ဆောင်ရွက်ပေးခြင်း၊

၁၁၊၁၊၂။ အသုံးပြုသူ၏ အချက်အလက်များကို စစ်ဆေးအတည်ပြုခြင်း (အသုံးပြုသူသည် ၎င်း၏ Account အချက်အလက် ကို ဝင်ရောက်သည့်အခါကဲ့သို့သော)၊

၁၁၊၁၊၃။ လိမ်လည်မှုကို ကာကွယ်ခြင်းနှင့် အသုံးပြုသူ၏ Account သို့မဟုတ် ဝန်ဆောင်မှုများ၏ လုံခြုံရေးကို မြှင့်တင်ခြင်း၊

၁၁၊၁၊၄။ အသုံးပြုသူ၏ တောင်းဆိုချက်များကို တုံ့ပြန်ခြင်းနှင့် အသုံးပြုသူနှင့် ဆက်သွယ်ဆောင်ရွက် ခြင်း၊

၁၁၊၁၊၅။ တည်ဆဲဥပဒေအား လိုက်နာဆောင်ရွက်ခြင်း၊  သက်ဆိုင်ရာစက်မှုလုပ်ငန်းစံနှုန်းများ၊ စာချုပ် ဆိုင်ရာတာဝန် ဝတ္တရားများနှင့် HI PAY COMPANY LIMITED၏မူဝါဒများကို လိုက်နာဆောင်ရွက်ခြင်း၊

၁၁၊၂။ HI PAY COMPANY LIMITEDသည် ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာရန်လိုအပ်ပါက သုံးစွဲသူ၏ကိုယ်ရေးအချက်အလက်များကို (အသုံးပြုသူသည် အသုံးပြုသူအနေဖြင့်မဟုတ်တော့သည့် နောက် အပါအဝင်)အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်သည်။ HI PAY COMPANY LIMITEDသည် အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်များအား ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်ခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရန် လုံခြုံရေးအစီအမံများနှင့် နည်းပညာအမျိုးမျိုးကို အသုံးပြုသွားမည် ဖြစ်သည်။

၁၁၊၃။ HI PAY COMPANY LIMITEDသည် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ ပေးအပ်နေသော ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ၊ Biometric အချက်အလက်များနှင့် ငွေစာရင်းဆိုင်ရာ အချက်အလက်များအား အခြားပါတီဝင်များ (ပြင်ပမှဝန်ဆောင်မှုပေးသူများ သို့မဟုတ် အေးဂျင့်များ) ထံသို့ဖြစ်စေ သို့မဟုတ် ဤဝန်ဆောင်မှုအား အသုံးပြုရန်အတွက် အသုံးပြုသူမှ Application ထဲတွင်ဖော်ပြထားသော အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များအား HI PAY COMPANY LIMITED၏လုပ်ငန်းခွဲများ၊ ဘဏ်များ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ခရက်ဒစ်ဗျူရို၊ ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာ အဖွဲ့အစည်းများထံသို့ လိုအပ်ပါက မျှဝေခြင်းနှင့် ထုတ်ဖော်ပြောဆိုခြင်းတို့ပြုနိုင်ကြောင်းကို အသုံးပြုသူက သဘောတူပြီး ထိုသို့ဆောင်ရွက်ပိုင်ခွင့်ကို HI PAY COMPANY LIMITEDသို့ အပ်နှင်းထားပါသည်။

၁၁၊၄။ ကိုယ်ရေးအချက်အလက်များနှင့်ပတ်သက်သော ဤအပိုဒ် ၁၃ သည် စည်းမျဉ်းစည်းကမ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အပြောင်းအလဲရှိနိုင်ပြီး ဤအပိုဒ် ၁၃ ၏ ပြောင်းလဲမှုမှန်သမျှသည် အသုံးပြုသူ မှ ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များကို သဘောတူသည်နှင့် အကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။

၁၂။   တည်နေရာအချက်အလက်ကို သိမ်းဆည်းကောက်ယူခြင်းနှင့်အသုံးပြုပုံ

၁၂၊၁။ တည်နေရာအချက်အလက်ကို သိမ်းဆည်းကောက်ယူရာတွင် စနစ်အနေဖြင့် အသုံးပြုသူမှ ၄င်း Feature ကိုအသုံးပြုမှသာ တည်နေရာကိုတောင်းခံမည်ဖြစ်သည်။
ဝန်ဆောင်မှုများအနေဖြင့် – သင့်တည်နေရာပေါ်မူတည်ပြီး အနီးနားရှိဆိုင်များနှင့် ပရိုမိုးရှင်းများကို ပြသပေးမည်။
စတိုးဆိုင်ပြသခြင်း- အခြား Third-party map ကိုဖွင့်ပေးမည်။ (ဥပမာ- Google maps) သို့ (ရှာဖွေလိုသော နေရာကို လမ်းကြောင်းပြသပေးမည်။)
လုံခြုံရေးစနစ်စစ်ဆေးမှုများ- သံသယဖြစ်ဖွယ်လေ့ာအင်ဝင်ရောက်မှုများ (ဥပမာ- ရုတ်တရတ် နိုင်ငံရပ်ခြားမှ စနစ်အတွင်းလုပ်ဆောင်မှုများ)

၁၂၊၂။ အချက်အလက်ကို ကောက်ယူပုံ
စနစ်တကျထိန်းချုပ်မှု : 
တည်နေရာညွှန်ပြမှု : Single-use GPS-level precision
အကြံပြုချက်:  သင်နှင့်အနီးစပ်ဆုံး မြို့တွင်း တည်နေရာများကို ပြသပေးမည်ဖြစ်သည်။
ခွင့်ပြုချက်:  အသုံးပြုမည့်အချိန်တိုင်းတွင် အသုံးပြုသူထံမှ ခွင့်ပြုချက်ကို pop-up message ပြပြီး တောင်းခံပါမည်။ စနစ်တွင် နောက်ကွယ်မှ အချက်အလက်များကို တိတ်တဆိတ်သိမ်းဆည်းမည် မဟုတ်ပါ။

၁၂၊၃။ Third-party ဝန်ဆောင်မှုများ
တည်နေရာညွှန်ပြမှုများကို အခြားမြေပုံစနစ်များ (ဥပမာ- Google Maps) မှ ၄င်းတို့၏ စည်းမျဥ်းများ နှင့်အညီပြသပါမည်။

အသုံးပြုသူမှတည်နေရာကို မျှဝေမှသာ စနစ်ဘက်မှအသုံးပြုပါမည်။ အသုံးပြုသူ၏ တည်နေရာကို အချိန်ပြည့် သိမ်းဆည်းခြင်းမရှိပါ။

၁၂၊၄။ အချက်အလက်သိမ်းဆည်းမှုနှင့် လုံခြုံမှု
(ပုံမမှန်သော ကိစ္စများအတွက် စစ်ဆေးနိုင်ရန်အလို့ငှာ) အချက်အလက်များကို ရက် ၃၀ ထက်မပိုသော အချိန်ပမာဏအထိ encryption ပြုသိမ်းဆည်းထားမည်ဖြစ်ပြီး ထိုနောက်တွင် အလိုအလျောက်ဖျက် မည်ဖြစ်သည်။
ပြန်လည်စိစစ်ဆေးနိုင်ရန် စုစည်ထားမည်ဖြစ်သည်။ (ဥပမာ- Regional Football)

၁၂၊၅။ သင့်ထိန်းချုပ်မှု
ခွင့်ပြုချက်များ စီမံရာတွင်-
Device Settings-> App Permissions -> Location acces သို့သွားရောက်ဖွင့်/ပိတ်နိုင်သည်။
မှတ်တမ်းဖျက်သိမ်းရန်အတွက် – In-app [Help Center] တွင်သွားရောက်ပြုလုပ်နိုင်ပါသည်။

၁၃။   လုံခြုံရေး

HI PAY COMPANY LIMITED သည် အသုံးပြုသူ၏ Account နှင့် ကိုယ်စားလှယ် ဘဏ်လုပ်ငန်း အသုံးပြုခြင်းနှင့် သက်ဆိုင်သော လုံခြုံရေးနှင့် လျှို့ဝှက်သတင်းအချက်အလက်များကို ကာကွယ်ရန် တာဝန်ယူပါသည်။ HI PAY COMPANY LIMITEDသည် ကိုယ်စားလှယ်ဘဏ်လုပ်ငန်း စနစ်အတွင်းရှိ ပုဂ္ဂိုလ်ရေး အချက်အလက်ဟူသမျှကို လုံခြုံမှုရှိစေရန် လျော်ကန်၍ လိုအပ်သော ကာကွယ်မှုများကို ပြုလုပ်ထားပြီး ဖြစ်သည်။ သို့သော် ပေးထားခဲ့ဖူးသည့် အများသိရှိပြီး ဖြစ်သော ပုဂ္ဂိုလ်ရေး အချက်အလက်များကို အခြားသူများမှ ကြားဖြတ်ရယူခြင်း၊ ဝှက်စာဖောက်ဖျက်ခြင်း သို့ ဖောက်ဖျက် ကျူးလွန်ခြင်းများအတွက် အာမခံနိုင်ခြင်း မရှိပါ။ HI PAY COMPANY LIMITED အနေဖြင့် ယင်း၏ ထိန်းချုပ်မှုအောက်တွင်မရှိသော အကြောင်းပြချက်များကြောင့် ဖြစ်ပေါ်သည့် လုံခြုံရေးဖောက်ဖျက် မှုများ အတွက် တာဝန်ဝတ္တရား မရှိပါ။

၁၄။   မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

၁၄၊၁။ ဥပဒေအရ ခွင့်ပြုထားသည့် အတိုင်းအတာအထိ၊ HI PAY COMPANY LIMITEDသည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အတိအလင်းဖြစ်စေ သို့မဟုတ် သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ၊ ဥပဒေအရ ဖြစ်စေ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ၊ ဤတွင်ဖော်ပြထားသည့်အချက်များသာ ပါဝင်သည်ဟု ကန့်သတ်ထားခြင်းမရှိဘဲ သွယ်ဝိုက်သောနည်းဖြင့် ကုန်သွယ်မှုအာမခံခြင်း သို့မဟုတ် မည်သည့်ရည်ရွယ်ချက်အတွက်မဆို HI PAY COMPANY LIMITEDသည် မည်သည့် ကိုယ်စားပြုခြင်း၊ အာမခံခြင်းနှင့် မည်သည့်အခြေအနေမျိုး ကိုမဆို HI PAY COMPANY LIMITEDမှ ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်းတို့မရှိပါ။

၁၄၊၂။ ဤဝန်ဆောင်မှုကို အသုံးပြု၍ ဖြစ်ပေါ်လာသော အတည်ပြုပြီးသည့် Transaction များနှင့် ယင်း Transaction များ နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသော ဆုံးရှုံးမှု၊ ကုန်ကျမှု သို့မဟုတ် ထိခိုက်ပျက်စီးမှု များအတွက်သော်လည်းကောင်း သို့မဟုတ် မည်သည့်အရေးယူမှု၊ တရားစွဲမှု၊ အရေးယူစွဲဆိုမှုများ အတွက် HI PAY COMPANY LIMITEDအနေဖြင့် တာဝန်ရှိမည်မဟုတ်ကြောင်း အသုံးပြုသူသည် အာမခံပါသည်။

၁၅။ အာမခံခြင်း

ဤဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ် ဝန်‌‌ဆောင်မှုများအား ဥပဒေနှင့်မညီသည့် မည်သည့်ရည်ရွယ်ချက် အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို အသုံးပြုသူသည် အာမခံပါသည်။ ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် အသုံးပြုသူမှ သဘောတူပါသည်။

၁၆။ လွှဲပြောင်းခြင်း နှင့် ဆက်ခံသူများ

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ အသုံးပြုသူသည် မိမိ၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများ အားလုံးကိုဖြစ်စေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပေးအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့အား HI PAY COMPANY LIMITED၏ စာဖြင့် ရေးသားဖော်ပြထားသော သဘော တူညီချက်မရှိဘဲ ဆောင်ရွက်ခြင်း မပြုရပါ။ HI PAY COMPANY LIMITED သည် ဤ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို မိမိ၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများ ကို HI PAY COMPANY LIMITED၏ မည်သည့် တာဝန်ပေးအပ်ခြင်း ခံရသူသို့ဖြစ်စေ သို့မဟုတ် မည်သည့် ဆက်ခံသူသို့ဖြစ်စေ လွှဲပြောင်းခြင်း သို့မဟုတ် တာဝန်ပေးအပ် ခြင်းတို့ ပြုလုပ်ခွင့်ရှိမည်ဖြစ်သည်။

၁၇။ ပြင်ဆင်ခြင်း

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် ဝန်ဆောင်မှု နှင့်/သို့မဟုတ် မည်သည့် အဖိုးအခကိုမဆို မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင် အကြောင်းကြားခြင်းကိုမျှ ပြုလုပ်ခြင်းမရှိဘဲ HI PAY COMPANY LIMITED သည် ၎င်း၏ တစ်ဉီးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ခွင့်၊ မွမ်းမံခွင့်၊ အစားထိုးပိုင်ခွင့်၊ ပယ်ဖျက်ခွင့် သို့မဟုတ် ရုပ်သိမ်းပိုင်ခွင့် အပြည့်အဝရှိကြောင်းကို အသုံးပြုသူက သိရှိသဘောတူပါသည်။ ဝဘ်ဆိုက် သို့မဟုတ် TPay Applicationတွင် ဖော်ပြပေးထားမည့် ပြင်ဆင်ချက်များအပါအဝင် ဤစည်းမျဉ်း စည်းကမ်းချက် များကို ပုံမှန်ဖတ်ရှုစစ်ဆေးသွားရန် အသုံးပြုသူတွင် တာဝန်အပြည့်အဝရှိပါသည်။ ပြောင်းလဲမှု သို့မဟုတ် အပြောင်းအလဲများ အကျိုးသက်ရောက်ပြီးနောက် ဤဝန်ဆောင်မှုကို အသုံးပြုမှုတိုင်းသည် ဤပြောင်းလဲမှုများအတွက် စည်းမျဥ်းစည်းကမ်းများနှင့် ဖွဲ့စည်းထားမည် ဖြစ်သည်။

၁၈။ စွန့်လွှတ်ခြင်း

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် (များ) ကိုမဆို မည်သည့်အချိန်တွင်မဆို အကျိုး သက်ရောက်မှုရှိအောင် ဆောင်ရွက်ရန် မည်သည့်ဖက်ကမဆို ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်း သည် ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက် တစ်ခုစီတိုင်းနှင့် ပြဋ္ဌာန်းချက်အရပ်ရပ်ကို အာဏာသက် ရောက်အောင် လုပ်ဆောင်ပိုင်ခွင့်အား စွန့်လွှတ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမရှိစေရ။

၁၉ ဆက်လက်အသက်ဝင်ခြင်း

ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်စီတိုင်းသည် အခြားပြဋ္ဌာန်းချက်များနှင့် မတူဘဲ သီးခြား သက်ဝင်မှုရှိမည်ဖြစ်သည်။ ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားဝင်မှုမရှိခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေတစ်ရပ်ရပ်အရ အာဏာသက်ရောက်မှုမရှိခြင်းများဖြစ်ပေါ်ပါက ယင်းအပိုင်းသည်သာ ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဋ္ဌာန်းချက်များအား ထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြယ်စေခြင်းများရှိမည်မဟုတ်ဘဲ ကျန်ပြဋ္ဌာန်းချက်များသည် ဆက်လက်အသက်ဝင်နေမည် ဖြစ်သည်။

၂၀။ သက်ဆိုင်မှုမရှိခြင်း

ဤစည်းမျဉ်းနှင့်စည်းကမ်းချက်များတွင်ပါဝင်သော မည်သည့်ပြဌာန်းချက်မဆိုကြောင့် ဤစည်းမျဉ်းနှင့် စည်းကမ်းချက်များကို သဘောတူထားသည့် အသုံးပြုသူနှင့် HI PAY COMPANY LIMITEDတို့သည် အလုပ်သမားနှင့်အလုပ်ရှင်၊ မိတ်ဖက်၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သူ၊ ဖက်စပ်သို့မဟုတ် ကိုယ်စား ဆောင်ရွက်ပေးသူ ကုန်သည်ဆက်ဆံရေးမျိုးကို ဖန်တီးသည်ဟု အဓိပ္ပာယ် ကောက်ယူခြင်းမရှိစေရ။ အသုံးပြုသူနှင့် HI PAY COMPANY LIMITED တို့သည် သီးခြားလွတ်လပ်သောသူများဖြစ်ပြီး မည်သည့်ဖက်ကမဆို အခြားတစ်ဖက်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက် သို့မဟုတ် ပျက်ကွက်ခြင်း များအတွက်တာဝန်မရှိစေရ။

၂၁။ လွှမ်းမိုးသောဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းခြင်း

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ကာ ဤစည်းမျဉ်း စည်းကမ်းများမှ သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းများအရ ပေါ်ပေါက်လာသော မည်သည့်အငြင်းပွားမှု ကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံရှိ တရားရုံးများတွင်သာ ရှိစေရမည်ဖြစ်သည်။

၂၂။ ဘာသာစကား

ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာ ဘာသာနှစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူရမည် ဖြစ်သည်။

 

၂၃။ ဆက်သွယ်ရန် အချက်အလက်များ

Call Center     : +95 9754591264

Support Email  :  cs@hipayasia.com

Website     : www.hipayasia.com, https://tpaymm.com/

Scroll to Top